Thursday, February 28, 2013

ဘလော့အတွက် Back To Top လေးတွေ +19 Style နော်


ဘာရယ်တော့ မဟုတ်ဘူးဗျာ.. ကျနော်
Template ပြောင်းရင်းနဲ့ ရေးချင်စိတ်ဖြစ်လာလို့ ဒါလေး တင်လိုက်တာပါ။
ကျနော်က Template ကို အမြဲတမ်းလိုလို ပြောင်းပြောင်းနေတတ်တော့
တစ်ခါပြောင်းတိုင်း widget တွေကို ပြန်ပြန်ထည့်ရတာတွေ ရှိတယ်။ အဲဒီအခါကျရင်
ပြန်ပြန်ရှာရပြန်ရော.. နောက်တခါလည်း ပြန်ရှာရအုံးမှာပဲလေ။ အခု
ပြန်မရှာချင်တော့လို့ ကိုယ့်ဘလော့မှာကို တင်ဖို့ စိတ်ကူးလိုက်တာပါ။
တခြားဘလော့တွေမှာလည်း ဒီ widget လေးထည့်ပုံကို ရေးထားကြတာတွေ ရှိပါတယ်။
အခုဟာလေးကတော့ တခြားဟာတွေနဲ့ မတူဘူးဗျ။ နည်းနည်းအလုပ်ပိုတယ်။ အများအားဖြင့်
သုံးကြတာတွေကတော့ page element ကိုခေါ်ပြီး HTML/Java Script နဲ့ပဲ
ထည့်ကြတာများတယ်။ အခုဟာလေးကတော့ အဲလိုမဟုတ်ဘူး..




ကျနော်တို့ ထုံးစံအတိုင်းပဲ Blogger.com ကိုတော့ ၀င်ရမှာပေါ့ဗျာ။




►1-  Blogger Singin ၀င်လိုက်ပါ။
►2-  DASHBOARD ကိုသွားလိုက်ပါ။
►3-  TEMPLATE    ကိုကလစ်ပါ..။
►4-  EDIT HTML  ကိုဝင်ပါ.. Process ကိုကလစ်ပြီးဆက်ဝင်လိုက်ပါ။
►5-  EXPAND WIDGET TEMPLATES ကိုအမှန်ခြစ်ပေးဖို့မမေ့ပါနဲ့နော်...။
►6-  Ctrl+F အကူညီဖြင့် ပေးထားတဲ့ ကုဒ်ကို ရှာလိုက်ပါ။





အဆင့်(၁)


ပြီးရင် Layout ထဲက Edit HTML Tab ကိုသွားရပါမယ်။
ပြီးရင် ]]></b:skin> ဆိုတာကို Ctrl+F နဲ့ ရှာလိုက်ပါ။ တွေ့ရင် အောက်က Code ကို သူ့အပေါ်မှာ ထည့်ပေးလိုက်ပါ။


#backtotop {
padding:5px;
position:fixed;
bottom:10px;right:10px;
cursor:pointer;
}

အဆင့်(၂)

ပြီးရင် ဒီ </body> ဆိုတာလေးကို Ctrl+F နဲ့ ရှာလိုက်ပါ။ ပြီးရင် အောက်က code တွေကို သူ့ရဲ့ အပေါ်မှာ ထည့်ပေးလိုက်ပါ။


<a href="#" id="backtotop"><img src="Image-Url" alt="back to top" /></a>

ဒီ code ကို ထည့်တဲ့နေရာမှာ Image-Url
ဆိုတဲ့နေရာကို အောက်မှာ ပေးထားတဲ့ ကိုယ်ကြိုက်တဲ့ ပုံလေးတွေက လင့်တွေနဲ့
အစားထိုးပေးရပါမယ်။ ကိုယ်တိုင် လုပ်ပြီးသားလင့်ရှိရင်လည်း အစားထိုးပေးလို့
ရပါတယ်။ အခုအောက်မှာ ပုံစံ(၁၉)ခု ပေးထားပါတယ်။















































































အပေါ်က ပုံတွေကို စိတ်ကြိုက်ထည့်ပြီးပြီဆိုရင် အောက်ကတဆင့်ကို ထပ်ဖြည့်ပေးလိုက်ပါ။


အဆင့်(၃)

<head> ကို Ctrl+F နဲ့ ရှာပြီး သူ့ရဲ့ အောက်မှာ အောက်က code တွေကို ထည့်ပေးလိုက်ပါ။


<script src='http://ajax.googleapis.com/ajax/libs/jquery/1.3/jquery.min.js'

type='text/javascript'></script>

<script language="javascript">

$(window).ready(function(){

$('#backtotop').click(function(e){

e.preventDefault();

$('html, body').animate({scrollTop:0}, 'slow');

});

});

</script>

အပေါ်ကအတိုင်း အားလုံးပြီးသွားရင်တော့ Save ပေးလိုက်ပါ။
အားလုံးအဆင်ပြေမယ်ထင်ပါတယ်။ ကျနော်လည်း ပြန်ပြီးရှာရှာနေရလို့
ကိုယ့်ဘလော့မှာကို ထည့်ထားတဲ့သဘောပါ။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...
back to top