Thursday, February 14, 2013

Folder လေးတွေ ပေါ်မှာ ဘာစာမှ မပေါ်အောင်လုပ်နည်း

သူငယ်ချင်းများ အားလုံး မင်္ဂလာပါ။

နည်းပညာလေးတွေလည်း မတင်ဖြစ်တာ ကြာပြီ :)

Foloder လေးတွေ ပေါ်မှာ ဘာစာမှ မပေါ်အောင်လုပ်နည်း လေးပါ ။ မသိသေးတဲ့ သူငယ်ချင်းတွေ အတွက် ရည်ရွယ်ပါတယ်။

ပထမဦးဆုံး Desktop ပေါ်မှာ Right Click ထောက် ပေါ်လာတဲ့ အထဲက New ကို နှိပ် ပြီးရင် Folder ကို ဆက်ကလစ်လိုက်ပါ။

ပြီးရင် Desktop ပေါ်မှာ New Folder ဟူသော Folder တစ်ခု ပေါ်နေပါလိမ့်မည်။



New Folder ကို ဖျောက်ဖို့  အတွက် ထို Folder လေးပေါ်မှာ Right Click ထောက်ပြီး ပေါ်လာတဲ့ အထဲက Rename ကို ဆက်ကလစ်လိုက်ပါ။

Rename ကို နှိပ်လိုက်ရင် new folder စာသားနေရာမှာ အပြာရောင်တန်းလေးနှင့် ပေါ်နေပါလိမ့်မည်။

ထိုအခါ Alt ကီးကို ဖိထားပေးပြီး 0160 ကိုရိုက်လိုက်ပါ။
ထိုအခါ Folder လေးမှာ ဘာနာမည်မှ ရှိတော့မှာ မဟုတ်ပါဖူး။
နာမည် ပြန်ပေးချင် ရင် ထို Folder လေးပေါ်မှာ Right Click ထောက် ပေါ်လာတဲ့ အထဲက Rename ကို နှိပ် ပြီး မိမိ နှစ်သက်ရာ နာမည် ပြန်ပေးနိုင်ပါတယ်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...
back to top