Samsung Galaxy ကို မြန်မာ (Zawgyi Font) အသုံးပြုလိုသူတွေအတွက် ဖြစ်ပါတယ်။
ပုံမှန်အနေနဲ့တော့ Android Device တစ်ခုကို Root လုပ်ပြီးချိန်မှ Zawgyi
Keyboard & Font ကိုထည့်သွင်းဖို့ အဆင်ပြေ နိုင်မှာဖြစ်ပါတယ်။
ကျွန်တော် ဖော်ပြပေးမယ့် နည်းစနစ်ကတော့ Samsung Galaxy
အသုံးပြုသူများအနေနဲ့ Android ကို Root မလုပ်ပဲ Keyboard & Font
ထည့်သွင်းနိုင်ဖို့ဖြစ်ပါတယ်။ ချွင်းချက် အနေနဲ့ကတော့ Samsung Galaxy
Device တွေမှာသာ ဒီနည်းစနစ်ကိုဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
ပထမအဆင့်အနေနဲ့တော့ Zawgyi-One Font ကိုရယူရမှာဖြစ်ပါတယ်။ Android Device
Browser မှ
တဆင့် Android Market ထဲကနေ Fontomizer sp ကိုရှာပြီး Download ရယူရမှာဖြစ်ပါတယ်။ Android Market ကိုဝင်ရောက်ဖို့မလွယ်ဘူးဆိုရင်တော့ အခြားနေရာတွေက ဒေါင်းလုပ်ရယူ နိုင်မှာဖြစ်ပါတယ်။ Fontomizer sp ကိုဒေါင်းလုပ်ရယူပြီးချိန်မှာတော့ Fontomizer sp ကိုဖွင့်ပြီး Scrool Bar ရဲ့အောက်ဆုံးအဆင့်မှာရှိတဲ့ Zawgyi-One Font ကို ရယူရမှာဖြစ် ပါတယ်။ ဒါအဆင့်ကိုပြီးပြီဆိုရင်တော့ Setting>Display>Font မှာ Zawgyi-One ကိုရွေးပေးလိုက်မယ်ဆိုရင် Zawgyi Font ကိုမြင်တွေ့နိုင်ပြီဖြစ်ပါတယ်။

ဒုတိယအဆင့်အနေနဲ့တော့ Fonts မြင်ရပြီဖြစ်တဲ့အတွက် မြန်မာစာရိုက်နိုင်ဖို့ Keyboard Install ပြုလုပ်ရမှာဖြစ်ပါတယ်။ itextmm application ကို Android Market ထဲကနေ ဒေါင်းလုပ်ရယူရမှာဖြစ်ပါတယ်။ itextmm ကို run ပြီးတာနဲ့ Setting>Language and Keyboard ထဲက itextmm ကိုရွေးပေးလိုက်ရင်ရပြီဖြစ်ပါတယ်။ Keyboard ချိန်းဖို့လိုအပ်မယ်ဆိုရင်တော့ Type Box မှာ အကြာကြီး Press ပြုလုပ် ထားခြင်းဖြင့် Input Method မှ Keyboard ကိုရွေးချယ်ပေးနိုင်မှာဖြစ်ပါတယ်။
ဒါဆိုရင်တော့ Root လုပ်ဖို့အတွက် အဆင်မပြေသေးတဲ့ Samsung Galaxy Android Device တွေမှာ Zawgyi-One Font ကိုမြင်တွေ့နိုင်မှာဖြစ်သလို၊ Zawgyi-One Keyboard ကိုလည်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
No comments:
Post a Comment