Monday, March 18, 2013

ကွန်ပျုတာ မအိပ်အောင်။


ကျွန်တော်ကတော့ ဒီ ကွန်ပျုတာ Sleep သွားတာ ခဏခဏကြုံရတယ် အထူးသဖြင့် Download လုပ်နေ
တဲ့အချိန် ဒါမှမဟုတ် Upload လုပ်နေတဲ့အချိန်မှာ ကိုယ့်ကလဲ ဒီအတိုင်းဘဲ ကွန်ပျုတာကို ထားခဲ့ပြီးအပြင်
ထွတ်သွားတာပေါ့ ပြန်လဲရောက်ရော ကွန်ပျုတာက အိပ်ပျော်နေပါရော(Sleep) ပြန်လဲဖွင့်လိုက်ရော
Download, upload လုပ်ထားသမျှတွေ အကုန် ပျက်ပြီး အစကနေ ပြန် Download, upload လုပ်ရတာပေါ့။ ဒီဘာမှမဟုတ်တဲ့ Setting လေးတခုကို မချိန်းထားမိတာနဲ့ အခုလိုဖြစ်ရတာပေါ့။ တခါတလေကျတော့လဲ အခုလိုကွန်ပျုတာ(Sleep)အိပ်ပျော်အောင် လုပ်ထားခြင်းဖြင့် တခါတလေမှာလဲ
ကိုယ်မသုံးဘဲနဲ့ ဒီအတိုင်းထားခဲ့မိရင် သူ့အလိုလျောက်ပိတ်သွားတော့ မီးအားသက်သာပြီး အဆင်ပြေတာပေါ့။

ဆိုတော့ Setting အပြောင်းအလဲကို
Desktop မှာ Right click- personalization-screen saver-change power settings- change when the computer sleeps ကနေပြီးတော့ ကိုယ်လိုအိပ်သလို အပြောင်းအလဲလုပ်နိုင်ပါတယ်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...
back to top