အဖေါက်ခံနေရပြီဆိုတာကို ဘယ်မှာသိနိုင်မလဲ……
• ကိုယ့် Gmail အဖေါက်ခံနေရပြီဆိုရင် ဘာတွေဖြစ်နိုင်မလဲ……….
• ကိုယ့် Gmail ကိုဘာကြောင့်အဖေါက်ခံရနိုင်မလဲ…….
ပထမဆုံးအနေနဲ့
Gmail ကို အဖေါက်မခံရဖို့ စတင်ဆွေးနွေးလိုပါတယ်.. Gmail ကိုအလွယ်
တကူဖေါက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး..(You Tube က Video တွေကြည့်ပြီး
Software တွေလိုက်ရှာနေရင် ရူးသွားပါလိမ့်မယ်)
မိမိရဲ့အားနားချက်ချို့ယွင်းချက်အပေါ်မှာ Hacker တစ် ယောက်က
အခွင့်ကောင်းယူပြီးဖေါက်ရင်သာဖြစ်နိုင်ပါလိမ့်မယ် (hacker
ကြီးတွေကိုတော့မပြောလိုပါ)...
လူသုံးအများဆုံးနည်းမှာ Keylogger သုံး၍ခိုးယူခြင်း….
Keylogger
ဆိုတာဘာလဲ … ကိုယ်ရိုက်သမျှ ကီးအကုန်လုံးကို မှတ်သားထားပေးတဲ့ Software
ပါ... ခုနောက်ပိုင်း Keylogger တွေဆိုရင် User name နဲ့ password ကိုပါ
ခွဲခြားပြီး ထုတ်ပြပေး နိုင်ပါတယ် Keylogger အန္တရာယ်က
ဘယ်လိုရှောင်နိုင်မလဲ... Keylogger run ထားမထား ဆိုတာကို
ဘယ်လိုသိနိုင်မလဲ…….. မလွယ်ပါဘူး Task Manager ခေါ်ထားပြီးလိုက်ရှာနေ
ရင်လဲမူးနောက်သွားလိမ့်မယ်…..ဒါဆိုဘယ်လိုလုပ်မလဲ……. password
ရိုက်တော့မယ်ဆိုရင် တိုက်ရိုက်မရိုက်ပဲ Note pad တစ်ခုကို ဖွင့်ပြီးတော့
ကိုယ့် Password အပြင် တခြားစကား လုံးတွေကောညှပ်ထဲ့ရိုက်ပါ
ပြီးမှလိုအပ်တဲ့အပိုင်းကို Copy ကူးပြီး Password Box အတွင်း မှာထည့်ပါ
ဒါဆိုရင် Keylogger ကမှတ်ထားနိုင်ရင်တောင် ပြန်ကြည့်ရင် Password
ကိုသိနိုင် ဖို့မလွယ်တော့ပါဘူး…..အဲလိုကြီးရိုက်ရမှာအလုပ်ရှုပ်တယ်ထင်ရင် On
screen keyboard ကိုခေါ်ပြီးရိုက်ထဲ့နိုင်ပါတယ် Start>All
program>Accessories>Accessibility>On screen Keyboard (Run box
ထဲမှာ osk လို့ရိုက်ထည့်ရင်လဲရပါတယ်) ကို ခေါ်ပြီးတော့
မောက်စ်နဲ့နှိုပ်ပြီးရိုက်ထည့်နိုင်ပါတယ် Keylogger မသိနိုင်တော့ပါ ဘူး..
Cookies မှတဆင့်ပြန်ဖေါ်ယူခြင်း….
Sign
out လုပ်ပြီးတိုင်း cookie တွေဖျက်ခဲ့ဖို့မမေ့ပါနဲ့ (Firefox မှာဆိုရင်
Ctrl+Shift+delete ကိုနှိုပ်ပြီး cookies ကို check ပေးပြီး ဖျက်ပါ. IE
မှာဆိုရင် Tool>option>General>Delete cookies မှဖျက်ပါ)
တစ်ချို့ဆောဝဲတွေ (Gmail password recovery) လို software မျိုးတွေက
cookies တွေမှတဆင့် Password ကို ပြန်ဖေါ်ယူနိုင်ပါ တယ်... (တတ်နိုင်သမျှ
Fire fox ကိုပဲသုံးပါ...)
နောက်တစ်မျိုးက Fake login ပါ …
Hacker
တစ်ယောက်က Fake login page တစ်ခုကို ဖန်တီးပြီးသင့်ဆီကို ပို့လိုက်မယ်
Gmail login Page နဲ့တဝေမသိမ်းတူပါတယ် (Link ကတော့တူလိမ့်မည်မဟုတ်ပါ) ..
အဲ့ဒီမှာ သင့် အကောင့်ကို ရိုက်ထည့်လိုက်မိရင် သင့် Password က Hacker
ဆီကိုအလွယ်တကူပဲ ရောက်သွားပါပြီ (မြန်မာပြည်မှာတော့တွေ့ရခဲ ပါတယ်)
တတ်နိုင်သမျှ Web page တွေမှာ Gmail password ကိုအလွယ်တကူမရိုက်မိဖို့
သတိထားပါ.. အခြားဆိုဒ်များမှာ အကောင့်များဖွင့်ထားခဲ့ရင်လဲ Password
တစ်မျိုးတည်းထားခြင်းကို ရှောင်ပါ …
နောက်တစ်မျိုးက Gmail Bruce ပါ...
ဖြစ်နိုင်ဖွယ်ရာအခြေအနေတစ်ခုကို
ဦးတည်ပြီး Password ကို Dictionary နဲ့တိုက်ပြီးစစ်ဆေးတဲ့နည်းပါ
(အောင်မြင်ဖို့ရာအခွင့်အလန်းနည်းပါတယ်)...ဒါပေမဲ့လဲ
သတိထားဖို့တော့လိုပါတယ်...သူ့ကိုရှောင်နိုင်ဖို့က Password ကို ရိုးစင်းတဲ့
ဝေါဟာရများထားခြင်းမှ ရှောင်ပါ... Capital letter များ ဂဏန်းများနဲ့
ရောထားပါ……
နောက်တစ်မျိုးက တော့ Cracking ပါ ……
ခုနောက်ပိုင်း လူသုံးများလာပါပြီ .. Gmail မှာ Password ပြောက်သွားတယ်ဆိုပြီး အကောင့်ကို ပြန်တောင်းယူတဲ့နည်းပါ…..
• ကိုယ့်အကောင့်ထဲမှာရှိတဲ့
Contacts list ထဲက အကောင့်ငါးခု (Fwd: mail များမှအလွယ်တကူသိနိုင်ပါတယ်
Fwd mail ပို့လျှင် Bcc ခံပို့ပါ...)
• အကယ်၍လေဘယ်ထားတယ်ဆိုရင် လေဘယ်နာမည်..
• အကောင့်စတင်လုပ်ခဲ့သောအချိန်.. (အတိအကျမလိုပါ နှစ်လောက်မှန်ရင်ကိုရတာများပါတယ်)
• နောက်ဆုံး login ၀င်ခဲ့သောအချိန်
• နောက်ဆုံးသုံးခဲ့သော Password … (အမှန်စစ်စစ် မလိုပါ...)
ဒီ
Information တွေစုံတယ်ဆိုရင် Google က Password recovery Page ကို
ပြန်ချပေး ပါတယ် (Gmail ရဲ့ Vulnerability တစ်ခုပါ)…. Password reset
လုပ်ယူလို့ရနိုင်ပါတယ်…..
Hacker တစ်ယောက်ဟာ (a) (d) နဲ့ (c) ကို
အလွယ်တကူသိရအောင် ဖန်တီးယူနိုင်ပါတယ်... (လူတစ်ယောက်ကို
အကောင့်တစ်မျိုးထက်ပို၍ ဆက်သွယ်ခြင်းမျိုးမှ ရှောင်ပါ..)
ကိုယ့်အကောင့်အဖေါက်ခံရပြီဆိုရင်ဘာတွေဖြစ်လာနိုင်မလဲ… ?
ပထမဆုံးအနေနဲ့
ကိုယ့် အချက်အလက်တွေကို ခိုးယူကြည့်ရှုခြင်းခံရပါမယ် .. နောက်ထပ် Hacker က
ကိုယ့်အကောင့်ထဲမှာ User name ပေါင်းထည့်သွားနိုင်ပါတယ်
(ကိုယ့်အကောင့်နာမည်နဲ့ အချိန်မရွေးမေးလ်ပို့လို့ ရပါတယ်)…
ကိုယ့်ထဲကိုဝင်လာမဲ့ မေးလ် တိုင်းကို အခြားမေးလ်ဆီသို့ Forward
လုပ်ယူသွားနိုင်ပါတယ်…. နောက်ဆုံး ကိုယ့်အကောင့် တစ်ခုလုံးကို
လုံးဝဖျက်ပစ်နိုင်ပါတယ်……. မည့်သည့်အခြေအနေတွင်မျှ မလုံခြုံနိုင်တော့ပါ...
ကိုယ့် Gmail အဖေါက်ခံရပြီကို ဘယ်လိုသိနိုင်မလဲ…….. ?
Gmail
ဝင်စစ်တိုင်း အောက်ဆုံးနားမှာရှိတဲ့ Last Account Activity ကိုစစ်ပေးပါ...
နောက်ဆုံးဝင်ခဲ့တဲ့အချိန်က ကိုယ်သုံးခဲ့တဲ့အချိန် ကိုယ်သုံးခဲ့တဲ့ IP
မဟုတ်ဘူးဆိုရင်သေချာပေါက်အဖေါက်ခံထားရပါပြီ အကယ်၍ သင်က IP
တစ်မျိုးတည်းကသုံးတယ် Browser တစ်မျိုးတည်းပဲသုံးတယ်ဆိုရင် Detail
မှာဝင်ကြည့်ပါ နောက်ဆုံးသုံးခဲ့တဲ့ ငါးကြိမ်ရဲ့ IP များနဲ့ Browser
များကို ဖေါ်ပြပေးပါလိမ့်မယ် …( လိုအပ်တယ်ဆိုရင် Google က password
ပြောင်းဖို့သင့်ကို သတိပေးပါလိမ့်မယ်..)
ကိုယ့် Gmail အဖေါက်ခံရရင် ဘာလုပ်မလဲ……??
ကိုယ့်
Gmail အဖေါက်ခံရတာသေချာပြီဆိုရင်.. Gmail>Setting > account and
import> Google account setting မှာသွားပြီး Password ပြောင်းပါ
Security Question ပြောင်းပါ Secondary Email Address ပြောင်းပါ ……ဒါပေမဲ့
.. စိတ်ချနိုင်ပြီလား…… စိတ်မချရနိုင်ပါ
အကောင်းဆုံးကတော့ကိုယ့်အကောင့်အဖေါက်ခံရပြီဆိုလျှင်
အကောင့်သစ်တစ်ခုထပ်လုပ်၍ ရှိပြီးသားမေးများကို အကောင့်သစ်ထဲသို့ပြောင်းယူပါ
…
(သင့်အကောင့်ကို တစ်ခါဖေါက်ထားဘူးသော Hacker မှ
သင့်အချက်အလက်များကိုမှတ်သားထား၍ အချိန်မရွေးပြန်ပြီး Crack
လုပ်နိုင်သောကြောင့်ဖြစ်သည်)...
မိမိအချက်အလက်များ ခိုးယူခံရခြင်းမှ ကင်းဝေးနိုင်ကြပါစေ။
No comments:
Post a Comment